littlemouseဆိုဒ်သို့လာရောက်လည်ပတ်ကျသောမိတ်ဆွေသူငယ်ချင်းအပေါင်း ချမ်းသာကိုစိတ်မြဲကြပါစေ

Friday, January 5, 2018

အခြေခံကွန်ပျူတာဆိုင်ရာ နည်းပညာများ



ကွန်ပျူတာကို သာမန် User အသုံးပြုသူတွေအတွက် အသုံးဝင် ကွန်ပျူတာနည်းပညာတစ်ချို့ ကို sharing လုပ်ချင်ပါတယ်။ အခုဖော်ပြမယ့် နည်းပညာတွေကို သိပြီးသားသူတွေပါမယ်။ မသိသေးတဲ့သူတွေလည်း ပါကောင်း ပါနိုင်ပါတယ်။ အဲ့ဒါကြောင့် မသိသေးတဲ့ သူတွေအတွက် သိထားသလောက်၊ မှတ်သားထားသလောက်ကို sharing လုပ်မယ်နော်။ အရင်ဦးဆုံး ကျွန်တော် sharing လုပ်မယ့် ခေါင်းစဉ်တွေကို အစဉ်လိုက်ဖော်ပြပေးလိုက်ပါတယ်။ ဒီခေါင်းစဉ်ကို ဖတ်ပြီး ကိုယ်ဖတ်ချင်တာရွေးဖတ်၊ သိပြီးသားဟာတွေကို ကျော်ဖတ်လိုက်ပါ။ ပုံတွေကို အကုန်တင်ရင် များသွားနိုင်လို့ လိုတာတွေပဲ နံပါတ်စဉ်အလိုက် တင်ပေးထားပါတယ်။ 😀

1. Click တစ်ချက်တည်းနဲ့ Software,Folder,File တွေဖွင့်နည်း
2. Windows အမြန်တက်အောင်လုပ်နည်း
3. Install လုပ်မရသော Software တွေကို Install လုပ်နည်း
4. God Mode ဖန်တီးပြီး Setting တွေကို အလွယ်တကူသုံးနည်း
5. Windows တွေကို ကြိုက်သလောက်ပွားနည်း
6. Windows Memory စစ်ဆေးနည်း
7. Malicious Software တွေကို ဖယ်ရှားနည်း
8. Windows 10 Start Menu Search ကို အသုံးပြုနည်း
9. Laptop Computer ကို power save လုပ်နည်း
10. ကွန်ပျူတာအကြောင်းသိကောင်းစရာ


1. Click တစ်ချက်တည်းနဲ့ Software,Folder,File တွေဖွင့်နည်း

ကျွန်တော်တို့ ပုံမှန်အားဖြင့် Software app တစ်ခု၊ Folder,File တွေကို ဖွင့်မယ်ဆိုရင် Click နှစ်ချက်နှိပ်ပြီး ဖွင့်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်က Click နှစ်ချက် မနှိပ်ချင်ဘူး။ Click တစ်ချက်ပဲနှိပ်ပြီး ဖွင့်ချင်တယ်ဆိုရင်တော့ နည်းလမ်းရှိပါတယ်။ Folder Options ကိုသွားပါ။ Folder Options ရောက်ပြီဆိုရင် General tab အောက်က Click items as follows ရဲ့ အောက်ဆုံးမှာ Single-click to open an item ကို ရွေးပေးပြီး Apply, Ok ကို နှိပ်လိုက်ပါ။ ပြီးရင် တစ်ခုခုကို select pointer ထောက်၊ click တစ်ချက်တည်းနှိပ်ပြီး ဖွင့်ကြည့်ပါ။ စက်က အရင်ကထက် မြန်လာတယ်လို့ ထင်ရမယ်။ Pointer ထောက်၊ Click တစ်ချက် “click” လို့ နှိပ်ရုံနဲ့  ချက်ချင်းကို ပွင့်လာမယ်နော်။ Folder Options ရဲ့  General tab မှာပဲ Browser folders အောက်မှာ Open each folder in its own window ကို ရွေးပေးလိုက်ရင် ကိုယ်ဖွင့်လိုက်တဲ့ folder,file တိုင်းက window တစ်ခုစီဖြစ်သွားမှာပါ။

2. Windows အမြန်တက်အောင်လုပ်နည်း

ကွန်ပျူတာကို စဖွင့်ဖွင့်ချင်း Welcome, အဝိုင်းလေးလည်၊ ဒါမှမဟုတ် Starting Windows ဆိုပြီး Windows တက်တာ အကြာကြီးစောင့်ရတာ ကြုံဖူးကြမှာပါ။ ဒီလိုအကြာကြီး မစောင့်ချင်ဘူး၊ Windows မြန်မြန်တက်စေချင်တယ်ဆိုရင် နည်းလမ်းရှိပါတယ်။ ဘာကြောင့် ဒီလိုအကြာကြီးစောင့်နေရသလဲ၊ နောက်ပြီး Windows တက်လာတော့လည်း ကိုယ်မသုံးမယ့် software, program တွေပဲ ဘာကြောင့် ထထ ပွင့်လာရသလဲဆိုတော့ windows ရဲ့  နောက်ကွယ်မှာ မမြင်နိုင်တဲ့ program တွေကို windows က စောင့်ခေါ်နေရတာကိုး။ အဲ့တော့ ကိုယ်မတက်စေချင်တဲ့ software, program တွေကို ဖြုတ်မယ်။ Windows 7 သုံးရင် Run box မှာ msconfig ရိုက်ထည့်ပါ။ Windows 10 သမားတွေကတော့ msconfig လည်းရတယ်။ Task Manager ထဲဝင်လည်းရတယ်။ ပြီးရင် Startup tab ကို နှိပ်လိုက်ပါ။Program တွေ အမှန်ခြစ်လေးတွေနဲ့ enable ဖြစ်နေတာတွေ့ ရမှာပါ။ အဲ့ဒီ program တွေ နောက်ကွယ်မှာ run နေရလို့  windows တက်တာ ကြာနေတာပါ။ Disable all လုပ်လိုက်ပါ။ နောက်ပြီး မသုံးတဲ့ software တွေလည်း uninstall လုပ်လိုက်ပါ။ Run box မှာ recent, temp, %temp%, prefetch တစ်ခုချင်းစီ ရိုက်ထည့်ပြီး file အဟောင်းတွေ ဖျက်လိုက်ပါ။ Drive တွေထဲက မလိုတဲ့ file တွေကို ဖျက်လိုက်ပါ။ CCleaner software ရှိရင် run ပါ။ တစ်လတစ်ခါလောက် run box မှာ cleanmgr လို့ ရိုက်ထည့်ပါပြီး Disk cleanup လုပ်ပါ။ အချိန်ရရင်တော့ Drive တစ်ချင်းစီမှာ properties ကိုနှိပ်၊ Tools tab ထဲဝင်ပြီး Defragment လုပ်ပါ။ ဒီလောက်ဆိုရင်တော့ Windows တက်တာ အတော်အသင့်တော့ မြန်လာပါလိမ့်မယ်။ Windows နဲ့ အတူတက်လာတဲ့ Software,program တွေကို ဖြုတ်ချင်ရင်တော့ C:\Users\username\AppData\Roaming\Microsoft\Windows\Start Menu\Programs\Startup ထဲဝင်၊ Run box ကနေဆိုရင် shell:startup ရိုက်ထည့်ပြီးဝင်။ အဲ့မှာ windows စတက်တက်ချင်း windows နဲ့ အတူ ဖွင့်လာတဲ့ software တွေ တွေ့ ရမယ်။ အဲ့ဒီမှာ windows တက်တက်ချင်း မတက်စေချင်တဲ့ program ကို delete လုပ်ပါ။ ကိုယ်ကြိုက်တဲ့ software,program တစ်ခုကို စက်ဖွင့်လိုက်တာနဲ့ တန်းဖွင့်ချင်တယ်ဆိုရင် အဲ့ဒီ software, program ရဲ့  location ထဲသွားပြီး application (.exe) ကို copy ကူးပြီး ခုနက C:\Users\username\AppData\Roaming\Microsoft\Windows\Start Menu\Programs\Startup မှာ paste ချ၊ စက်ပိတ်၊ ပြန်ဖွင့်ကြည့်၊၊

3. Install လုပ်မရသော Software များကို Install လုပ်နည်း

ကွန်ပျူတာအသုံးပြုကာစ user တစ်ယောက်အနေဖြင့် ကွန်ပျူတာသုံးပုံ သုံးနည်းတွေ တစ်ဖြေးဖြေးသိလာပြီး ကိုယ်ကြိုက်တဲ့ Software တွေကို အင်တာနက်ပေါ်က ဒေါင်းလုဒ်ဆွဲ၊(သို့ ) တခြားတစ်ယောက်ကနေ ကော်ပီကူးပြီး မိမိစက်မှာ install လုပ်တဲ့သူတွေ ရှိမှာပါ။ တချို့ Gamer တွေ မေးထားတာ ဖတ်ဖူးပါတယ်။ Software ခွေဝယ်လာပြီး စက်မှာ install လုပ်တော့ error message တက်လာတယ်။ ဘယ်လို လုပ်ရမလဲ သိရင် ပြောပေးကြပါ တို့ပေါ့။ တချို့ user တွေကျတော့ သူတို့ က Software installation လုပ်နည်းတွေ သိတယ်။ တခြား software တွေကိုလည်း install လုပ်ဖူးတယ်။ ဒါပေမယ့် တစ်ချို့  software တွေကျတော့ install လုပ်ရင် ဖတ်ဖို့ ပျင်းစရာကောင်းတဲ့ Error message တွေ တစ်တီးတီးနဲ့  ကိုယ် install လုပ်တဲ့ software က စက်နဲ့ မကိုက်ဘူး။ 32 or 64 bit ရွေးတာမှားနေတယ်။ သေချာအောင် ပြန်စစ်ကြည့်ပါ။ Virus scan ပိတ်ပါ အစရှိသည်ဖြင့် message တွေ တက်လာတတ်ပါတယ်။ အဲ့လိုမျိုး message တက်လာပြီဆိုရင် တော့ သူပြောထားတဲ့အတိုင်း လိုက်လုပ်ရုံပါပဲ။ Software တစ်ခုက install လုပ်လို့ မရဘူး။ Error တက်နေတယ် ဆိုရင်တော့ မိမိဆော့ဝဲခွေကို ပြန်စစ်ပါ။ 32 or 64 bit လား၊ မိမိ စက်ကရော ဘယ်လောက် bit ကို သုံးထားလား။ တစ်ချို့ ဆော့ဝဲတွေကျတော့ admin account နဲ့ မှ install လုပ်လို့ ရတာတွေရှိတယ်။ သေချာစစ်ဆေးပြီး install တော့ လုပ်လို့ ရသွားပြီ ဒါပေမယ့် ဖွင့်လို့ မရဘူး ဖြစ်နေရင်တော့ အဲ့ဒီ ဆော့ဝဲလ် location ထဲကို သွား၊ application (.exe) ကို right click နှိပ်၊ properties ထဲဝင်၊ ပြီးရင် Compatibility tab ထဲဝင်၊ compatibility mode အောက်က Run this program in compatibility mode for: ကို အမှန်ခြစ်ရွေးပေး၊ ပြီးရင် အဲ့ဒီအောက်မှာပဲ မိမိ install လုပ်ထားတဲ့ software နဲ့ ကိုက်ညီမယ့် windows တစ်ခုကို ရွေးပေးပြီး apply, Ok နှိပ်၊ Software ကို ထပ်ဖွင့်ကြည့်ပါ။ အိုကေ သွားပြီလား။ တစ်ချို့ ဆော့ဝဲလ်တွေကျတော့ install လုပ်လို့ ရတယ်။ ဖွင့်လည်းရတယ်။ ဒါပေမယ့် activate မဖြစ်သေးဘူးဆိုရင် ဆော့ဝဲလ်ခွေနဲ့ အတူပါတဲ့ crack file ကိုဖြည်၊ keygen မှာ serial activation key ကိုယူပြီး ထည့်ပေးလိုက်ပါ။ တစ်ချို့ ဆော့ဝဲလ် ဂိမ်း၊ Acrobat, pagemaker တို့ ဆိုရင် dll file is missing လို့ message တက်လာရင် ဆော့ဝဲလ် ဖိုဒါထဲက (နာမည်.dll) ကို copy ကူးပြီး ဆော့ဝဲလ် location ကို သွားပြီး paste ချလိုက်ပါ။ အထက်ကနည်းတွေအတိုင်းလုပ်ပြီး ဖွင့်လို့ မရသေးဘူးဆိုရင် run box မှာ appwiz.cpl ရိုက်ထည့်ပြီး program and features ဝင်၊ ဖွင့်မရတဲ့ software ပေါ် right click နှိပ် repair လုပ်ပြီး ပြန် run ကြည့်ပါ။

4. God Mode ဖန်တီးပြီး Setting တွေကို အလွယ်တကူသုံးနည်း

God Mode ဆိုတာကို ဘာသာပြန်ကြည့်ရင် ဘုရားသခင်နည်းလမ်း၊ ဘုရားသခင်းအလိုတော်ကျ၊ ဘုရားသခင်စတိုင်အတိုင်းပဲ ကိုယ်လိုရာ သုံးနိုင်သုံးနိုင်သလို click တစ်ချက်နှိပ်တာနဲ့ control ထဲက settng အားလုံးကို ဖွင့်နိုင်ပါတယ်။ မိမိရဲ့ desktop ပေါ်မှာ folder တစ်ခုဆောက်ပြီး နာမည်ကို GodMode.{ED7BA470-8E54-465E-825C-99712043E01C} လို့ သေချာရိုက်ထည့်ပေးပါ။ တစ်လုံးမှမကျန်စေနဲ့ နော်။ ပြီးရင် အဲ့ဒီ ဖိုဒါက control panel လို logo ပြောင်းသွားပါလိမ့်မယ်။ အဲ့ဒါကို ဖွင့်ကြည့်လိုက်ရင် ကွန်ပျူတာထဲက setting အားလုံးကို ဒီတစ်နေရာထဲမှာ အလွယ်တကူ ပြင်ဆင်လို့ ရသွားပါပြီ။ control panel ထဲကို အဆင့်ဆင့် သွားစရာ မလိုတော့ဘူး။

5. Windows တွေကို ကြိုက်သလောက်ပွားနည်း

ဒါကတော့ အရမ်းလွယ်ပါတယ်။ သိပ်အရေးမကြီးပါဘူး။ မိမိလက်ရှိ ဖွင့်နေတဲ့ software ရဲ့  window ကို နောက်ထပ် windows တစ်ခုဖွင့်ဖို့ လိုအပ်တယ် ထပ်ဖွင့်ချင်တယ် ဆိုရင် Shift key ကို ဖိထားပြီး software ကို click တစ်ချက်နှိပ်ပေးလိုက်ပါ။ Shift key ကို ဖိနှိပ်ထားပြီး software အပေါ် click တစ်ချက်နှိပ်၊နောက် window တစ်ခု ပေါ်လာမှာပါ။

6. Windows Memory စစ်ဆေးနည်း

ကွန်ပျူတာတိုင်းရဲ့ memory တွေက များသောအားဖြင့် 2GB,4GB,8GB စသည်ဖြင့် စိုက်ထားပါတယ်။ Memory က Harddisk နဲ့ မတူဘူးနော်။ ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ကွန်ပျူတာမှာ ခဏတစ်ဖြုတ် သိမ်းထားပေးတာက memory ပါ။ File တစ်ခုကို save မလုပ်ခင် မီးပျက်ကြည့်ပါလား။ စက်ပြန်တက်လာရင် ခုနက ဖိုင်တွေက ပျက်သွားမှာပါ။ မော်ဒယ်မြင့်တဲ့ စက်တွေဆိုရင် recent ထဲမှာ ပြန်ရှာလိုက်ရင် ပြန်တွေ့ တတ်ပါတယ်။ ဒါပေမယ့် မီးပျက်တာ ကြာသွားလို့ မီးပြန်လာတဲ့အခါ ဖွင့်ကြည့်လိုက်ရင် မတွေ့ ရတော့ဘူးနော်။ ကိုယ့်စက်မှာ စိုက်ထားတဲ့ memory GB များရင် များသလောက် စက်ရဲ့ လုပ်ဆောင်ချက်တွေကလည်း မြန်ဆန်ပါတယ်။ ကွန်ပျူတာကို အသုံးပြုတာကြာလာတာနဲ့ အမျှ Software, Hardware တွေလည်း ချို့ ယွင်းလာတတ်ပါတယ်။ အဲ့တော့ Memory ကိုတွေလည်း Error ရှိ၊မရှိ စစ်ပေးဖို့ လိုပါတယ်။ တစ်ချို့ စက်တွေ အထူးသဖြင့် ASUS desktop ကွန်ပျူတာတွေ ကျတော့ စက်စဖွင့်လိုက်တဲ့အချိန်မှာ screen အပြာရောင်၊ အမဲရောင်တွေနဲ့ memory checking ဆိုပြီး သူ့ အလိုလို စစ်နေတတ်ပါတယ်။ ကိုယ့်စက်ရဲ့ memory ကောင်း၊မကောင်းစစ်ချင်တယ်ဆိုရင် Windows buit-in features ကိုသုံးပြီး စစ်နိုင်ပါတယ်။ Run box မှာ mdsched.exe ရိုက်ထည့်ပြီး enter နှိပ်ဝင်။ Windows Memory Diagnostic မှာ options နှစ်ခုရှိတယ်။ စက်ကို အခု restart ချပြီး ပြန်တက်လာတဲ့အချိန် စစ်၊ နောက်တစ်ခုက စက်ပိတ်ပြီး ပြန်ဖွင့်တဲ့အချိန်ကျမှ စစ်။ ကြိုက်တဲ့တစ်ခုကို ရွေးလို့ ရတယ်။ Windows recommended လုပ်ထားတာကတော့ စက်ကို အခု restart ချပြီး စစ်ပါတဲ့။ တစ်ခုခုကို ရွေးပြီးစစ်လိုက်ရင် screen အပြာရောင်နဲ့ သူ့ ဟာသူစစ်နေပါလိမ့်မယ်။ အဲ့ဒီ screen အပြာရောင်အောက်မှာ option=F1 ဆိုတာကို ထပ်နှိပ်လိုက်ရင် Bsic, Standard, Extended တစ်ခုခုကို Up, Down Arrow နဲ့ ရွေးပြီး ကြိုက်သလို စစ်လို့ ရတယ်နော်။ အဲ့ဒီမှာ Esc, Exit စသည်ဖြင့် အညွန်း key တွေပါတယ်။ စစ်ပြီးသွားလို့ စက်ပြန်တက်လာရင် memory result message တက်လာမယ်။ Error မရှိဘူးဆိုရင် No memory error result လို့ ပေါ်လာမှာပါ။

7. Malicious Software တွေကို ဖယ်ရှားနည်း

Malicious Software Removal Tool ကလည်း Windows built-in တစ်ခုပါ။ ဒီ Tool ကို သုံးပြီး မလိုလားအပ်တဲ့ဆော့ဝဲလ်တွေ၊ အလဟဿအချည်းနှီးဖြစ်နေတဲ့ဆော့ဝဲလ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီဆော့ဝဲလ်တွေကို ဖယ်ရှားခြင်းအားဖြင့် စက်က သုံးရတာ ပိုမြန်ဆန်လာနိုင်ပါတယ်။ Run box မှာ mrt လို့ ရိုက်ထည့်ပါ။ အဲ့ဒီမှာ Next တစ်ချက်နှိပ်ပြီးသွားရင် Quick, Full, Customized Scan ကြိုက်သလို ရွေးစစ်လို့ ရတယ်။ တစ်ခုခုရွေးပြီး Next နှိပ်လိုက်ရင် သူ့ အလိုလို စစ်နေပါလိမ့်မယ်။

8. Windows 10 Start Menu Search ကို အသုံးပြုနည်း

Windows 10 သုံးတဲ့ user တွေ တော်တော်များများသိပြီးသားထင်ပါတယ်။ ဘယ်ဘက်အောက်နားလေးက Windows key ကိုနှိပ်၊ အပေါ်ဆုံးက 0-9 ကို နှိပ်လိုက်ရင် ကိုယ်ရှာချင်တဲ့ software ကို A-Z alphabetical အလိုက် ရှာဖွေနိုင်ပါတယ်။ Start menu မှာ ကိုယ်ကြိုက်တဲ့ ဆော့ဝဲလ်တွေကို pin to start လုပ်လို့ ရတယ်။ Pin လုပ်ထားတဲ့ software တွေကို ကြိုက်တဲ့နေရာ Move လုပ်လို့ ရတယ်။ Windows 10 မှာ ကျတော့ ဒီ windows key ကို click, right click နှိပ်ပြီး ကွန်ပျူတာအတွင်းပိုင်း တော်တော်များများကို ဝင်လို့ ရတယ်။ စကားပြောပြီး တိုက်ရိုက်ညွန်ကြားနိုင်တဲ့ Cortana လည်းအသုံးပြုနိုင်တယ်။ Search box မှာ cortana လို့ ရိုက်ရှာပြီး cortana setting ထဲဝင်ပြီး On ထားလိုက်ပါ။ တခြား features တွေလည်း On လုပ်ချင်ရင် on လုပ်ထားပါ။

9. Laptop Computer ကို power save လုပ်နည်း

ကွန်ပျူတာအသုံးပြုနေရင်း ဘာမှ သိပ်မသုံးလိုက်ရသေးဘူး။ Power က တစ်ဝက်ကျော်ကုန်နေတတ်တာမျိုးကြုံဖူးကြမှာပါ။ အဲ့ဒီတော့ power save လုပ်ရမှာပေါ့။ Run box ကနေ powercfg.cpl ရိုက်ထည့်ပြီး power options ထဲဝင်။ ညာဘက်အောက်နားလေးက battery ပုံလေးကို right click နှိပ်ပြီး ဝင်လို့ လည်းရတယ်။ Power options ထဲရောက်ရင် windows ကတော့ Balanced ကို (Recommended) လုပ်ထားတယ်။ အဲ့ဒီမှာ ကိုယ်ကြိုက်သလိုရွေးပါ။ Power saver ကိုလည်းရွေးလို့ ရတယ်။ Screen brightness အတိုးအလျှော့ကို သင့်တော်သလိုရွေးပါ။ power saver ရဲ့ ညာဘက်ဘေးမှာ change plan setting ထဲဝင်၊ On battery နဲ့ Plugged in တွေ့ ရမယ်။ Turn off the display, Put the computer to sleep တွေမှာ ကြိုက်တဲ့ မိနစ်တွေကိုရွေး၊ Never ကိုရွေးထားရင်တော့ ကွန်ပျူတာကို မသုံးပဲ ဖွင့်ထားရင် အားကုန်လွယ်တာပေါ့။ မိနစ်တစ်ခုခုကို ရွေးထားခဲ့ရင် ဘယ်မိနစ်ကြာရင် ကွန်ပျူတာက သူ့ အလိုလို sleep ဖြစ်သွားမယ်။ ကွန်ပျူတာဖွင့်နေပြီး မသုံးတဲ့အချိန်မှာ sleep ဖြစ်နေရင် battery ကုန်အကျသက်တာပေါ့။ အောက်နားလေးမှာ change advanced power settings ကိုထပ်နှိပ်ပြီး ကြိုက်သလို ဝင်ပြင်လို့ ရတယ်နော်။ နောက်တစ်ခုက ကွန်ပျူတာ settings ထဲဝင်၊ System ထဲ ထပ်ဝင်၊ အဲ့မှာ battery saver ထဲဝင်၊အဲ့မှာ battery use ကို နှိပ်ဝင်။ ပြီးရင် change background app settings ထဲဝင်၊ အဲ့မှာ battery မသုံးစေချင်တဲ့ app တွေကို ပိတ်ပါ။ ပြီးရင် Battery use ရဲ့ အောက်က change battery saver settings ထဲဝင်၊ Turn battery saver on automatically if my batter falls below ကိုရွေး၊ ပြီးရင် ကြိုက်တဲ့ ရာခိုင်နှုန်းကို ရွေးပေး။ Lower screen brightness while in battery saver ကို အမှန်ခြစ်ရွေးပေးပါ။ ပြီးရင် computer settings\system အောက်က power & sleep ကို နှိပ်၊ ဘယ်နှစ်မိနစ်ဆိုရင် sleep လုပ်ချင်လဲ၊ ကြိုက်တာရွေးပါ။ Screen Saver နောက်တစ်ခုက search box ကနေ Screen saver လို့ ရိုက်ရှာကြည့်ပါ။ Screen saver settings box လေးပေါ်လာရင် screen saver အောက်မှာ ကြိုက်တာရွေး၊ ဥပမာ- 3D Text ရွေးမယ်၊ ပြီးရင် ညာဘက်ဘေးနားက settings ထဲဝင်၊ ကြိုက်တဲ့စာ အင်္ဂလိပ်ရေး၊ ပြီးရင် preview ကြည့်။ အဲ့ဒီ 3D Text ရဲ့ အောက်က Wait နေရာမှာ ဘယ်နှစ်မိနစ်ကြာရင် ခုနကကိုယ်ရေးခဲ့တဲ့ 3D Text ကို ပေါ်စေချင်သလဲ။ 3 မိနစ်၊ 5 မိနစ် ကြိုက်သလို ရွေး။ ပြီးရင် Apply, Ok လုပ်ပါ။ ပုံတွေကို အကုန်တင်ရင် များသွားနိုင်လို့ လိုတာတွေပဲ နံပါတ်စဉ်အလိုက် တင်ပေးထားပါတယ်။

Aug 8,2017 နေ့ က wall မှာ တင်ထားတာကို
page သို့ ရွေ့ ပြီး Edit လုပ်ထားပါသည်။

#NetComplus မှ ပြန်လည်ကူးယူဖော်ပြထားပါသည်။

No comments:

Post a Comment