**********************************
ကွန်ပျူတာမှာ ဆော့ဝဲလ်လေးတွေကို Shortcut Key နဲ့ စတိုင်ကျကျ ဖွင့်ချင်လိမ့်မယ်။ My Computer ဖွင့်ချင်ရင် My Computer ကို Mouse နဲ့ သွားနှိပ် ဖွင့်ရတာ မမိုက်ဘူး။ My Computer ဖွင့်ချင်တော့ Window + E နဲ့ ဖွင့်တယ်။ ဒီလိုပဲ ကိုယ်ကွန်ပျူတာထဲက တစ်ခြားဆော့ဝဲလ်လေးတွေကိုလည်း အဲလို Shortcut Key နဲ့ ဖွင့်မယ်။
– အရင်ဆုံး မိမိ Shortcut Key နဲ့ ဖွင့်ချင်တဲ့ ဆော့ဝဲလ်ကို Right Click နှိပ်ပါ။
– Properties ကို နှိပ်ပါ။
– Box တစ်ခုကျပါမယ်။
– အဲဒီမှာ Shortcut Key ဆိုတဲ့ အကွက်ထဲက None ဆိုတဲ့ အနောက်ကို Mouse ဖြင့် တစ်ချက် ကလစ်ပါ။
– ပြီးရင် Keyboard မှ Ctrl ကို နှိပ်ပါ။
– ခဏက None ဆိုတာလေးက Ctrl + Alt + ဆိုပြီး ပေါ်ပါမယ်။
– Ctrl + Alt + နောက်က မိမိ ဖွင့်ချင်တဲ့ Shortcut Key ထည့်ပါ။ ( ဥပမာ – Ctrl + Alt + Z ပေါ့ ) ဒါဆို Ctrl + Alt + Z ကို နှိပ်ရင် မိမိပြုလုပ်သော ဆော့ဝဲလ်လေး ပွင့်ပါမယ်။
– ပြီးရင် Apply ကို နှိပ်ပါ။
– Ok နှိပ်ပါ။
အောက်မှာ ပုံနဲ့ ပြထားပါတယ်။
************************************************
အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။
************************************************
အဆင်ပြေပါစေ
No comments:
Post a Comment